top of page
Search

𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 နဲ့ 𝐂𝐨𝐩𝐲 𝐖𝐫𝐢𝐭𝐢𝐧𝐠 ကဘာ ​ကွာလဲ

  • Writer: Aungtun Thant
    Aungtun Thant
  • Oct 31, 2020
  • 2 min read

Social Media တွေ ခေတ်စားလာပြီးနောက် Content Writing နဲ့ Copywriting ဆိုတဲ့ အလုပ်အကိုင်တွေဟာလည်း လူငယ်တွေအတွက် စိတ်၀င်စားစရာ ဖြစ်လာပါတယ်။


တစ်ချို့ကတော့ ဒီနှစ်ခုကြားက ခြားနားချက်ကို ကွဲကွဲပြားပြား မသိကြသလို Copywriting ဆိုတာ တစ်ခြား page က နေ copy ကူးပေးရတာရယ်လို့ ထင်နေသူတွေ မရှိဘူးမထင်နဲ့ ရှိနေပါတယ်။ Content Writing နဲ့ Copywriting တို့ကြားက အဓိကခြားနားချက်ကတော့ သူတို့ရဲ့ရည်ရွယ်ချက်ပါပဲ။


Content Writingဆိုတာက စာတစ်ပုဒ်ကို ကောင်းကောင်းဖန်တီးတတ်တဲ့ အနုပညာကို ခေါ်ပါတယ်။

စာရေးခြင်းဖြင့် စာဖတ်တဲ့ ပရိသတ်တွေကို အချက်အလက်တွေ၊ အတွေ့အကြုံတွေ မျှဝေပေးမယ်။

Content Writerတစ်ယောက်ရဲ့ Contentကို

ဖတ်လိုက်တဲ့သူတိုင်းကို ပျော်ရွှင်စေချင်တယ်။ ရင်ထဲ ပေါ့ပါးသွားစေမယ်။


Content Writing ဟာ လူတွေကို Brand အကြောင်း Educate လုပ်ဖို့ရည်ရွယ်ပြီး၊ ဖျော်ဖြေရေးတွေ၊ သတင်းဆောင်းပါးရေးသားခြင်းတွေ ပါ၀င်ပါတယ်။


Content Writing ဟာ လူတွေကို Website ပေါ်မှာ ကြာကြာရှိနေစေဖို့နဲ့ Brand နဲ့ ပိုမိုထိတွေ့မှုရှိဖို့ (engagement) လည်း ဖြစ်ပါတယ်။

interview ဖြေရင်ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို sharing လုပ်ပေးတာတွေ စသဖြင့်တွေကို စာဖတ်ပရိသတ်ကြီးတို့ရဲ့ ရင်ထဲမှာ တစ်ခုခု ကျန်သွားအောင် ရေးသားနိုင်တဲ့ အရေးအသားကို ပြောတာဖြစ်တယ်။


အချိန်ပေးပြီး ဖတ်လိုက်ရတဲ့ စာဖတ်ပရိသတ်တို့အတွက် အကျိုးရှိစေတဲ့ အရေးအသားမျိုးဖြစ်တယ်။

သိသိသာသာ ပြောရရင် Blog postsတွေpodcast တွေ ၊ Movie review စတဲ့ဟာတွေဟာ Content Writing တွေပါ။


ဒါဆို Copywrite ဆိုတာကရောဘာလဲ..??


Copywriting ကတော့ နည်းနည်းကြော်ငြာဆန်သလို Content Writing လည်း ပါ၀င်တာမို့ သူ့တာ၀န်က ပိုမိုကြီးလေးတယ် ဆိုရမှာပါ။


Copywriter တွေကတော့ မိမိ Brand ကို အရောင်းတွေတက်အောင်၊ လူတွေ၀ယ်ချင်လာအောင် Idea တွေ Ideology တွေနဲ့ ဆွဲဆောင်ရပါတယ်။


Content Writing ကတော့ Brand အကြောင်း လူတွေကို ပညာပေးမိတ်ဆက်တဲ့အခါ ပိုမိုအသုံးပြုပါတယ်။


ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပဲဖြစ်ဖြစ် တိုးတက်စေအောင် ရည်ရွယ်ချက်နဲ့ ရေးသားခြင်းဖြစ်တယ်။


Copy Writing ဆိုတာက လူတွေကို ပစ္စည်းဝယ်ချင်လာအောင် ရေးသားတတ်ခြင်း၊ ပစ္စည်းတစ်ခုခုရဲ့ အရည်သွေးကို သဘောကျနှစ်သက်လာအောင် ရေးသားတတ်ခြင်း( စျေးရောင်းတတ်ခြင်း) အနုပညာကို ခေါ်တာ ဖြစ်တယ်။

ဥပမာ...

ဒီ makeupလေးကို သုံးလိုက်ရင် မျက်နှာလေးက ညက်ညက်လေးနဲ့ ကြည့်လို့ကောင်းနေမှာနော်။👀

သဘာဝအလျောက် ရှက်သွေးဖြာနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်ရင် ဒီ Blushလေးကို ဝယ်လိုက်တော့နော်။ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းနဲ့ ဆင်တူလေး ဝယ်ချင်ရင်လည်း တစ်စျေးလုပ်ပေးထားတယ်နော်။

အစပ်တွေစားလို့ ဝက်ခြံတွေ အဖုတွေ ထွက်နေပြီလား ဒါဆို ဒီ Brand….လေး သုံးလိုက်ရင် တစ်ပတ်အတွင်း ပျောက်သွားလိမ့်မယ်နော်..

ဒီနှုတ်ခမ်းနီလေးက Matte typeဆိုပေမယ့်လည်း ရေဓာတ်ကို ပြန်ဖြည့်ပေးတဲ့ အစွမ်းလေးလည်း ပါတယ်နော်။ ဒါဆို နှုတ်ခမ်းခြောက်မှာကို စိုးရိမ်စရာမလိုတော့ဘူး.... စသဖြင့် customerတို့ကို ဝယ်ချင်လာအောင် ဆွဲဆောင်တတ်တဲ့ အရေးအသားမျိုး ဖြစ်တယ်။ ​

ကြော်ငြာတွေရဲ့ နောက်ဆုံးမှာဆိုရင် ဖုန်းနံပါတ်လေးတွေ ထည့်တာ သတိထားမိကြမှာပါ။ အဲ့ဒါကို Call to Action( CTA) လို့ ခေါ်တယ်။

အဲ့ဒါက Copy Writing မှာ အရေးကြီးဆုံးပဲ။

Customerတွေလည်း ဒီပစ္စည်းကို သုံးလိုက်ရင် အကျိုးရှိစေသလို brandတွေရဲ့ ပိုင်ရှင်တွေရော နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အရေးအသားမျိုးဖြစ်တယ်။

Ads၊ Slogans၊ SEO content၊ Email Campaigns၊ Billboards၊ Social Media စတာတွေက Copy Writing အမျိုးအစားတွေ ဖြစ်ပါတယ်။

ဒါဆို စာဖတ်ပရိသတ်တို့လည်း အပေါ်မှာပြော


ပြထားတာတွေကိုသေချာဖတ်ပြီးပြီဆိုရင်


Content writingနဲ့ Copy writing ဘာတွေကွာ


လဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ


လို့ထင်ပါတယ်။

companyတွေက အလုပ်ခေါ်တဲ့အခါမှာလည်း Content နဲ့ Copy Writer ဆိုပြီး နှစ်မျိုးခွဲခေါ်တာတွေ ရှိတယ်။


အဲ့ဒီအခါမှာ ကိုယ်က သေသေချာချာ သိအောင်လုပ်ထားပြီးတော့ ဘာကို လုပ်ချင်တာလဲ ကိုယ်က ဘာကို ဝါသနာပါလဲဆိုတာကို ဆုံးဖြတ်ပြီးတော့ လျှောက်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။



 
 
 

Recent Posts

See All
ပေးဆက် ရတာ တန်ရဲ့လား

ကိုယ့်ကို နာကျင်စေတဲ့သူအတွက် မကာကွယ်ပေးပါနဲ့ ကိုယ့်ကို မျက်ရည်ကျအောင်လုပ်တဲ့သူအတွက် ပျော်ရွှင်အောင် မဖန်တီးပေးပါနဲ့ ကိုယ့်အပေါ်...

 
 
 

Commenti


Post: Blog2_Post

Subscribe Form

Thanks for submitting!

©2019 by Aungtunthant. Proudly created with Wix.com

bottom of page