ပေးဆက် ရတာ တန်ရဲ့လား
- Aungtun Thant
- Oct 13, 2020
- 1 min read
ကိုယ့်ကို နာကျင်စေတဲ့သူအတွက် မကာကွယ်ပေးပါနဲ့ ကိုယ့်ကို မျက်ရည်ကျအောင်လုပ်တဲ့သူအတွက် ပျော်ရွှင်အောင် မဖန်တီးပေးပါနဲ့
ကိုယ့်အပေါ် မကောင်းတဲ့သူအတွက် ပေးဆပ်ဖို့ မကြိုးစားပါနဲ့
တချို့ Relationship တွေမှာ ကြည့်လိုက်ရင် တယောက်တည်းကပဲ ခံစား တယောက်တည်းကပဲ
ငိုရ အဲ့ဒီတယောက်တည်းကပဲ ကိုယ့် Rs လေး သာယာအောင် ဖန်တီး နာကျင်မှုတွေ ကြိတ်မှိတ်သည်းခံ ကိုယ့်ဘဝတစ်ခုလုံးကို စတေးထား
မေးချင်တယ် တန်လို့လားလို့... ကိုယ်ချစ်တဲ့သူအတွက်ပဲလေ ခံစားရတာ တန်ပါတယ်လို့ ခင်ဗျားတို့ ဖြေချင်လိမ့်မယ်... ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ် မကောင်းချင်တဲ့သူဟာ တသက်လုံးလည်း ကောင်းလာမှာ မဟုတ်တဲ့အတွက် အချိန်တန်ရင်တော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ပြီး ခွာပြဲကြရမှာပဲ ကိုယ့်ကို အရမ်းကို ချစ်ခင်မြတ်နိုးပြီး အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုးထားတတ်တဲ့သူမျိုး ခင်ဗျားဘဝထဲ ဝင်လာတဲ့အခါ ကိုယ်နာကျင်ခဲ့ရတာ ပေးဆပ်ခဲ့ရတာတွေဟာ မတန်ဘူးဆိုတာမှန်း သိလာလိမ့်မယ် ကိုယ့်မျက်နှာ တချက်အညှိုးမခံတဲ့သူ ကိုယ်ဘာလိုအပ်လဲ ထုတ်ပြောစရာ မလိုတဲ့သူ ကိုယ့်ကိုအနိုင်မယူတတ်တဲ့သူ အဲဒီလူက ကိုယ့်ကို မထိရက် မတို့ရက် မြတ်နိုးတန်ဖိုးထားလေလေ သူ့ရဲ့အချစ်က ကိုယ်နဲ့ မထိုက်တန်ပါဘူးဆိုပြီး ဝမ်းနည်းရလေလေ ဖြစ်လိမ့်မယ် ကိုယ့်အပေါ်မကောင်းတဲ့သူအတွက် ပေးဆပ်ခဲ့ရလို့ နာကျင်ရတာထက် ကိုယ့်ကိုတကယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ပထမဦးဆုံး ချစ်ခြင်းတွေ ခံစားမှုတွေ မပေးနိုင်ခဲ့တဲ့ ဝမ်းနည်းမှုက ပိုပြီးခံစားရလိမ့်မယ် ဒါ့ကြောင့် မတန်တဲ့သူအတွက် မငိုနဲ့ မခံစားနဲ့ ဆွဲမထားနဲ့ ကိုယ်နဲ့တန်တဲ့သူအတွက် နေရာချန်ထားပါ အချစ်တွေချန်ထားပါ ခံစားချက်တွေချန်ထားပါ
မတန်တဲ့သူတွေအတွက် မပေးဆပ်ပါနဲ့
#ပေးဆပ်ရတာတန်ရဲ့လား
Comments